မင်းတုန်းမြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်

မင်းတုန်း ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မင်းရွာကိုင်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးမင်းထွန်းက မြငှားဂရန်ပြုလုပ်ထားခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများဆွေးနွေးခဲ့ပြီး သစ်ဆိမ့်ပင်ကျေးရွာ အိမ်ခြေ(၄၀)ရှိ ပြည်သူ(၄၀)ဦးထံသို့ ကျေးရွာမြေငှားဂရန်များ လက်ရောက်ပေးအပ်ခဲ့ကြသည်။ အဆိုပါ ပေးအပ်ပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီလွင်၊ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)