ကံမမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု(၁၉)အုပ်စု ထုတ်ချေးပြီးစီး

ကံမ ဇူလိုင် ၂၁

တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက်  ကံမမြို့နယ်မြန်မာ့  လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက လိန်တုန်းကျေးရွာအုပ်စုမှ တောင်သူများအားထုတ်ပေးခဲ့ပြီး စုစုပေါင်းကျေးရွာအုပ်စု(၁၉)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

ထိုသို့ထုတ်ပေးရာတွင် တောမကျေးရွာအုပ်စုမှ တောင်သူ(၁၈၀)ဦးတို့၏ မိုးစပါးစိုက်ဧက(၆၁၄)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၈၄၂)သိန်းအား ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသောကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရသည်။

ဇေယျဝင်း(ကံမ)