သတင်းများ

ကျွန်းစုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Dec 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ​မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တနင်္သာရီမြို့နယ်အတွင်းရှိ အငြိမ်းစားနှင့်နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း
Dec 28,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်တွင် ပုံမှန်လစာငွေကို ကိုယ်တိုင်လာရောက်ထုတ်ယူလျက်ရှိသည့် တနင်္သာရီမြို့နယ် အတွင်းရှိ (နိုင်ငံ့ဝန်ထမ်းအငြိမ်းစား) ပင်စင်စားများနှင့် နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းထိုက်စိုး၊ ဒေါက်တာနွေးဟေမာသင်းနှင့် ဆရာမများက ကျန်းမာရေးစောင့် ရှောက်မှုစစ်ဆေးပေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၇ ရက် နံနက် ၈ နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးကြရာ
တောင်ကုတ်မြို့နယ်၌ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 28,2023
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် တောင်ကုတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့နေ့လယ်က ဝက်ကျိတ်ကျေးရွာအုပ်စု၊ မှိုဟင်းတောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 28,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ကျောင်းတွင်ပြုလုပ်ခဲ့သည်။
ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အိုင်တီ (IT) နည်းပညာသုံး သင်ခန်းစာသင်ကြားမှု သင်တန်းဆင်းပွဲကျင်းပ
Dec 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသင်ခန်းစာများသင်ကြားရေးတွင် ICT ပစ္စည်းများနှင့်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရန်၊ သင်ကြားသင်ယူမှုပိုမိုမြန်ဆန်ထိရောက်လာစေရန် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို ဖျော်ဖြေမှုအတွက်သာမက သင်ကြားသင်ယူမှုပစ္စည်းအဖြစ် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သည့် အိုင်တီ(IT)နည်းပညာသုံး သင်ခန်းစာသင်ကြားမှု သင်တန်းဆင်းပွဲကို ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပ
Dec 28,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အ​​ခြေခံပညာအထက်တန်းကျောင်း ​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဓမ္မရာဇကစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ
Dec 27,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဓမ္မရာဇကစေတီတော်မြတ်ကြီး ရွှေထီးတော်တင် လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားကျင်းပခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ငါး၊ ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
Dec 27,2023
ပဲခူးမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ငါး၊ ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။