မိုင်းပျဉ်းမြို့၌ အ.ထ.က(ခွဲ)၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မိုင်းပျဉ်း ဇူလိုင် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း နီလာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်မှုတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ယနေ့ခေတ်တွင် ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာတိုးတက်လျက်ရှိရာ လူမှုကွန်ယက်စာမျက်နှာများမှတဆင့် နည်းမျိုးစုံဖြင့် လိမ်လည်ခံရမှုများ မရှိစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများ သတိပြုဆင်ခြင်နိုင်ရေး ပါဝါပွိုင့်ဖြင့် ချပြဆွေးနွေးဟောပြောခဲ့ပြီး၊ အထက်တန်းပြဆရာ ဦးဟိန်းထက်ဖြိုးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးစုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)