ကိုကိုးကျွန်း ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင် လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသောဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လမ်းညွှန်ချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ်ခရီးစဉ်ကို တစ်လလျှင်တစ်ကြိမ် အခမဲ့ ပြေးဆွဲလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုကိုးကျွန်းမြို့နယ်သို့တစ်လတစ်ကြိမ်ပြေးဆွဲလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မင်္ဂလာဒုံတပ်မတော်လေဆိပ်မှ ခရီး သည်(၃၄)ဦးနှင့်ကုန်တန်ချိန်(၂၈၁၇)ကီလိုဂရမ်တင်ဆောင်ကာ ကိုကိုးကျွန်းမြို့နယ်လေဆိပ်သို့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကိုကိုးကျွန်းလေဆိပ်သို့ဆိုက် ရောက်လာကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် နံနက် ၁၀ နာရီ ၂၃ မိနစ်အချိန်တွင် ခရီးသည်(၄၄)ဦးနှင့် ကုန်တန်ချိန်(၁၄၀၀)ကီလိုဂရမ်တင်ဆောင်ကာ ကိုကိုးကျွန်းလေဆိပ်မှပြန်လည် ထွက်ခွာသွားကြောင်းနှင့် ထိုသို့လေယာဉ်ခရီးစဉ် အခမဲ့ ပြေးဆွဲပေးနေခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများသွားလာရေးအဆင်ပြေစေရန်အ တွက်ပြေးဆွဲပေးခြင်းဖြစ်ပြီး တစ်လတစ်ခေါက် အခမဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)