မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၅/၂ဝ၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ၂၀၂၅ ခုနှစ် ရိုးရာခြင်းလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၃၁

မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၅/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၉ ရက်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မိမိတို့ဒေသသို့ ပြည် တွင်း၊ ပြည်ပမှခရီးသွားများလာရောက်ခြင်းဖြင့် ဒေသတွင်းငွေကြေးလည်ပတ်မှုပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သ ဖြင့်ဒေသသာယာလှပရေး၊ အဆင့်မီစွာဝန်ဆောင်မှုပေးခြင်းဖြင့် တည်းခိုနေထိုင်နိုင်ရေးအတွက် အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ပြည်နယ်အတွင်းခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရေးအတွက် ခရီးစဉ်ဒေသအသစ်ကြေညာနိုင်ရေး၊ ခရီးသွားဆိုင်ရာအချက်အလက်များအား လွယ်လင့်တကူသိရှိနိုင်စေရေးအတွက် ခေတ်နှင့်အညီ QR Scan များထားရှိခြင်းအပြင် ခရီးသွားဧည့်သည်များပိုမိုသိရှိလာရောက်လည်ပတ်စေရေး ခရီးသွားဒေသများကို Video Clip ရိုက်ကူးနိုင်ရေးဆောင်ရွက်ထားကြရန်လိုကြောင်း၊ ကော်မတီအ‌နေဖြင့် ပြည်နယ်အတွင်းခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇေယျာထွန်းက ခရီး သွားကဏ္ဍဖွံ့ဖြိုးတိုးတက်‌‌စေရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များမှ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ခဲ့ကြမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်‌‌ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များတက်ရောက်ခဲ့သည်။

ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်ရိုးရာခြင်းလုံးအသင်းယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ဆုရရှိသောအားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တစ်ဦးချင်းဆုနှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသောမော်လမြိုင်မြို့နယ်အား မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့်တံခွန်စိုက်ဒိုင်းဆုကိုချီးမြှင့်ခဲ့ပြီး တက်ရောက်လာ‌ သော အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)