ရေဖြူဒေသ၌ ပထမရာသီချိန်တွင် ရော်ဘာဈေးတစ်ပေါင်လျှင် ၁၆၀၀ ကျပ်အထိ ဈေးကောင်းရရှိ

ရေဖြူ ဒီဇင်ဘာ ၂၆

ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်းပထမ ရာသီချိန်တွင် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၆၀၀ ကျပ် အထိဈေးရနေကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ရော်ဘာဈေးနှုန်းမှာ ပထမရာသီအဖွင့် အောက်တိုဘာလက တစ်ပေါင်လျင် ၁၄၀၀ ကျပ်သာ ရရှိပြီး ယခုဒီဇင်ဘာလတွင် ၁၆၀၀ကျပ်အထိ ဈေးမြင့်တက်လာပြီး ဝယ်လိုအားလည်း များလာကြောင်း ရော်ဘာလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

အချို့မှာ ဈေးကောင်းရပြီး တွက်ခြေကိုက်သဖြင့် "ကျွန်မတို့တော့ ဒီနှစ် ပထမရာသီအကုန်ကို မနားတော့ဘူး၊ နှစ်ရက်ခြစ် တစ်ရက်နားပြီး ပုံမှန်အစေးခြစ်နေကြောင်း" ခြံရှင်တစ်ဦးက ပြောသည်။

လွန်ခဲ့သော ၆ နှစ်တာအတွင်း အမြင့်ဆုံးဈေးကို ပြန်လည်ရရှိနေသဖြင့် ရော်ဘာလုပ်ငန်း တနိုင်တပိုင်လုပ်ကိုင်နေသူများမှာ တွက်ခြေကိုက်ကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)