ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁နာရီအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ် သိကောင်းစရာများ အသိပညာပေးပိုစတားများအား ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ဦးတည်ချက်(၅) ရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဥ်း၊ လွတ်လပ်အောင်ပန်းမကြွေနွမ်း ပွင့်လန်းဖြာဝေတင့်တယ်စေ၊ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်၊ ညီညွတ်ရေးဆိုတာ၊ လွတ်လပ်ရေး၊ တို့များဆင်မြန်း လွတ်လပ်ပန်းကဗျာ၊ လွတ်လပ်ရေးတန်ဖိုး လွတ်လပ်ခြင်းတန်ခိုး စသည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ အသိပညာပေးပိုစတာများကို ပြသဆောင်ရွက်ထားရှိခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)