သီပေါမြို့၌ ဒုဋ္ဌဝတီမြစ်ရေတက်လာမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့ က မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဋ္ဌဝတီမြစ်ရေမြှင့်တက်လျက်ရှိပြီး မြစ်ကမ်းတစ်လျှောက်ရှိ ဇာတ်စုရပ်ကွက်၊ ဈေးရပ်ကွက်၊ ပန်းတိမ်တောင်ရပ်ကွက်များမှ ပြည်သူများ ပြောင်းရွှေ့နေထိုင်ရေးနှင့် မြေထိန်းနံရံ တာတမံများ ပြိုကျပျက်စီးမှုမဖြစ်ပေါ်စေရေးတို့အတွက် ယနေ့နံနက်ပိုင်းက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။