မက်မန်းမြို၌ လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်ပြပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် လူငယ်များ အသိပညာတိုးပွားရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့သားကောင်း ရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသားကျောင်းသူများ အနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာကြည့်ရှု့၍ အသိပညာဗဟုသုတ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြသခဲ့သည်။