မိုင်းယောင်းမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မိုင်းယောင်း ဒီဇင်ဘာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ရပ်ရွာနေပြည်သူများအတွက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်သင်ကြားနေမှုကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များက .မ.က (ဝမ်တွီ) ကျောင်း၊ အ.မ.က (လော့ဟန်) ကျောင်းနှင့် အ.မ.က (နားဖန်း) ကျောင်းတို့၌ ရပ်ရွာနေပြည်သူများ အခြေခံမြန်မာစာ ဘာသာရပ်၊ အခြေခံသင်္ချာဘာသာရပ်သင်ကြားနေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရက်ပေါင်း ၄၀ ကြာဆောင်ရွက်မည့် အဆိုပါစာတတ်မြောက်ရေးလုပ်ငန်းသင်တန်းကို မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက်က စတင်ခဲ့ပြီး စုစုပေါင်းစာသင်ဝိုင်း ၄၃ ဝိုင်းဖြင့် နေ့စဉ် ညနေ ၅ နာရီမှ ည ၈ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)