သတင်းများ

အယ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် စိုက်ပျိုးရေးကဏ္ဍ ကြိုတင်ဆောင်ရွက်နိုင်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲကျင်းပ
Oct 13,2023
အယ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် စိုက်ပျိုးရေးကဏ္ဍကြိုတင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူအသိပညာပေးဆွေးနွေးပွဲကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
မူလွန်(ပတုပ်)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော
Oct 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဘုရားလမ်း ရပ်ကွက်အခြေခံမူလတန်းလွန်ကျောင်း(မူလွန်ပတုပ်)ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ သန်လျင်၌ကျင်းပ
Oct 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး(သန်လျင်)နှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့တို့၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
ခရမ်းအထွထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမီတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှင့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝးကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ခရမ်းအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမီတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှင့် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝးကို ယမန်နေနံနက် ၉ နာရီအချိန်က ခရမ်းလီမီတက်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 13,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးလုပ်ငန်းစီမံကိန်း သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဗန်းမော်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
ချောင်းဦးမြို့၌ မိုးစပါး၊ မိုးသီးနှံမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစု ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းပညာပေး သင်တန်းဖွင့်
Oct 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်စု ၉ အုပ်စုမှ မိုးစပါး၊ မိုးသီးနှံ မျိုးစေ့ထုတ်ကွက်နှင့် စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ဖိတ်ကြားပြီး ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာပေး သင်တန်းနှင့် သွင်းအားစု ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲ ကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
မုံရွာမြို့နယ် ကောရဗျကျေးရွာ၌ မိရိုးဖလာ လက်ရက်ကန်းလုပ်ငန်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ
Oct 13,2023
မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်နှင့် မြို့ပြနေပြည်သူများသည် စက်ရက်ကန်းမှ ထွက်ရှိသော ရက်ကန်းအဝတ်အထည်များကို ဈေးကွက်များ တွင် တွင်တွင်ကျယ်ကျယ် ဝယ်ယူရောင်းချ နေပါသော်လည်း မိရိုးဖလာ လက်ရက်ကန်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း မုံရွာမြို့နယ် ကောရဗျကျေးရွာ မိရိုးဖလာ လက်ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့ သည်။