သတင်းများ

တုံတာမြို့၌ “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၁၂ ရက်နေ့မွန်းလွှဲ (၂)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မန့်ဟီးရိုးမြို့ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးများအား ငွေကြေးများ ထောက်ပံ့ပေးအပ်လျက်ရှိ
Oct 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အကျိုးခံစားခွင့်ရရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးများအား အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် (၉း၃၀)အချိန်က မြို့စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ငွေကြေးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ဓာတ်မြေသြဇာရောင်းချသူများအား စျေးနှုန်းသက်သာမှန်ကန်မှုရှိစေရေးနှင့် အရည်အသွေးမှန်ကန်စေရေးအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေး
Oct 14,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မြို့နယ်ယူးရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအား တောင်သူများလက်ဝယ်သို့ ဓာတ်မြေသြဇာများ စျေးနှုန်းသက်သာ မှန်ကန်စွာရရှိစေရေးနှင့် အရည်အသွေးမှန်ကန်ရေးအတွက် ခေါ်ယူညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကနီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး လူနေအိမ်နှင့် လမ်းတံတားပျက်စီးမှုများဖြစ်ပွား
Oct 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ည ၇ နာရီခန့်မှစတင်၍ မိုးများသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် လမ်းတံတားပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီး အဘိုး၊ အဘွား (၉၅၄)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေး
Oct 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဇူလှိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် အသက်(၈၅)နှစ်အထက် အသက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Oct 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ)အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (Book Club)စာပေချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ
Oct 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Oct 14,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ညီညီနိုင်ရေးသားသည့် “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။