သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေး
Oct 14,2023
ပထမအကြိမ် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်ညီလာခံအား ယခုလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂ ရက်ကြာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်၍  Pre- Conference Activity အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင်   အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဓနုဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ အောက်တိုဘာလ  ၁၃ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ရေဝင်ရောက်သည့် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု
Oct 14,2023
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကွပ်ကဲရေးရုံး၌ လွိုင်ကော်မြို့အတွင်း ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဝေဟင်မှ ပုဂံရှုခင်းများကြည့်ရန် Balloonns များ စတင်ပျံသန်း
Oct 14,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှုခင်းများကြည့်ရှုရန် ရွှေလေတံခွန်(နီညိုရောင်)မီးပုံပျံဓာတ်ငွေ့ Balloonns အဖွဲ့မှ အောက်တိုဘာ ၇ ရက်၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဟိုတယ်ဇုန်(၄)မှ စတင်ပျံသန်း၍ ယခုနှစ်ဆောင်ရာသီ Balloonns ပျံသန်းခြင်းများ စတင်ပျံသန်းခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး လက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
Oct 14,2023
(၄၉)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး လက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
မင်းတပ်မြို့၌ စုပေါင်းသန့်ရှင်းရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Oct 14,2023
မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံတွင် စစ်နယ်မြေမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ စုပေါင်းသန့်ရှင်းရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲအချိန်တွင် ကျင်းပသည်။
သရက်မြို့ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Oct 14,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီပ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာများမှ ဝန်ထမ်း (၂၆) ဦး တက်ရောက်ခဲ့ကြသည်။
သဲကုန်းမြို့နယ်အတွင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်
Oct 14,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မိုးစပါးများ အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ၊ တောင်သူဦးကျော်ဝင်းစိန်၏ ထိုင်းနှံကောက်မိုးစပါး (၅)ဧကတွင် တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစိုပျှမ်းမျှ (၁၁၀)တင်း ထွက်ရှိကြောင်း သိရသည်။