သတင်းများ

ထန်းတပင်မြို့နယ်၌ ငါး၊ ပုစွန်မွေးမြူရေးကန်များ ရေကြီးနစ်မြှပ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေ
Oct 14,2023
ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားလာစေရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင် မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့်
ဥတ္တရသီရိမြို့နယ်၌ EVM စက် အသုံးပြုမဲပေးပုံနည်းစနစ်များ ရှင်းလင်းသရုပ်ပြပွဲ ဆက်လက်ကျင်းပ
Oct 14,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (EVM) စက် အသုံးပြုနည်းနှင့် စပ်လျဉ်း၍ ရှင်းလင်းသရုပ်ပြခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Oct 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့‌ မွန်းလွဲ ၁ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာကြီး အောင်သင်း ရေးသားသည့် “မရေးရဲကြသူများနှင့်အခြားဆောင်းပါးများ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
မော်လိုက်မြို့၌ မိုးစပါးစံပြကွက်စိုက်ခင်းများ နည်းပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်
Oct 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ပေါင်းလိုက်သမန်းနှိုးခြင်းနှင့် မြေဩဇာစနစ်တကျ ထည့်သွင်းခြင်း နည်းပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က တောင်သူ ဦးမောင်မောင်၏ စံပြစိုက်ကွက်တွင် ကျင်းပပြုလုပ်သည်။
မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 14,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် မြောက်ဦးမြို့နယ် ဘုရားအုပ်ကျေးရွာရှိ အ.မ.က(မူလွန်) ကျောင်း၌ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး ဗဟိုအဆင့် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး အဖွဲ့အားကြည့်ရှုအားပေး
Oct 14,2023
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့သည် ထားဝယ်မြို့၊ ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်)ရှိ အဆောင်များ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေး
Oct 14,2023
ပထမအကြိမ် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်ညီလာခံအား ယခုလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂ ရက်ကြာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်၍  Pre- Conference Activity အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင်   အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဓနုဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ အောက်တိုဘာလ  ၁၃ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။