ဟုမ္မလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ဟုမ္မလင်း ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်းမှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများကို အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပင်စင်ခံစားနေသော နိုင်ငံဝန်ထမ်းအငြိမ်းစားတို့အား အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်နှင့် စားဆီကို တစ်ဦးလျှင် ဆန်(၂)ပြည်၊ စားဆီ(၂၅)ကျပ်သားနှုန်းဖြင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် ဟုမ္မလင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများတွင် မြို့ပြပင်စင် (၆၆၄)ဦး၊ ကာကွယ်‌ရေးပင်စင်(၄၃၈)ဦး၊ နိုင်ငံရေးပင်စင်(၁၆၀)ဦး စုစုပေါင်း (၁၂၆၂)ဦးရှိကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)