သန်လျင်မြို့နယ်လုံးဆိုင်ရာ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၅

သန်လျင်ခရိုင် သန်လျင်မြို့နယ်လုံးဆိုင်ရာ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီတွင် သန်လျင်မြို့ ကျက်သရေဆောင် မဟာအတုလသဒ္ဓမ္မံရံသီသာသနာ့ဗိမ္မာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဓမ္မပါလကျောင်းဆရာတော်က အနုမော ဒနာဂါထာဖြင့် ရွတ်ဖတ်သည်။ ထို့နောက် ဧည့်ပရိတ်သတ်များက စက်ပစ်ကွင်းကျောင်းပဓာန နာယကဆရာတော်ဘဒ္ဒန္တတေဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ချစ်ညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းနှင့် ဌာနဆိုင်ရာများက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်ခေတ္တ မြို့နယ် အုပ်ချုပ်ရေးမှူးက ဝမ်းမြောက်စကား လျှောက်ထားသည်။

ယင်းနောက် ကရင်ဆိပ်ကျောင်းဆရာတော်က အနုမောဒနာတရားချီးမြှင့်ပြီး ဆရာတော်များက မေတ္တာပို့ဂါထာ၊ အောင်ဂါထာတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)