ရခိုင်ပြည်နယ် မောင်တောမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းကြိုးပေါ်ရှိ သစ်ကိုင်းများအား ဆက်လက်ခုတ်ထွင်ရှင်းလင်း

မောင်တော  ဒီဇင်ဘာ  ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ ဝန်ထမ်းများက ဓာတ်အားလိုင်း ကြိုးပေါ်ရှိ သစ်ကိုင်းများအား ဒီဇင်ဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့ပေါ်လမ်းမကြီးတစ်လျှောက်တွင် ဆက်လက်ခုတ်ထွင် ရှင်းလင်းခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဦးစီးဌာနမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ  ဦးဆောင်၍ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး မဟာဓာတ်အားလိုင်း ဝန်အားလျှော့ချချိန်များအတွင်း အများပြည်သူများသွားလာရာတွင် အန္တရာယ်မဖြစ်စေရေး၊ လျှပ်စစ်ဓာတ်အား လေလွင့်မှု မရှိစေရေးအတွက်  မြို့ပေါ်ရပ်ကွက်များသို့ သွယ်တန်းလျက်ရှိသော  မဟာဓာတ်အားလိုင်း ၁၁ ကေဗွီ မြို့တွင်းတစ်လိုင်းနှင့် ၁၁ ကေဗွီ မြို့တွင်း နှစ်လိုင်းများပေါ်ရှိ ဓာတ်အားလိုင်းနှင့် ထိနေသောသစ်ကိုင်းများ၊ လမ်းမပေါ်သို့နိမ့်ကျနေသည့် သစ်ပင်များအား ဆက်လက်ခုတ်ထွင် ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်