လပွတ္တာမြို့နယ်တွင် အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၂၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လပွတ္တာခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၌ အသက်(၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီ အချိန်က လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်မာလာစိုးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသူများမှ မူလတန်းကြိုကျောင်း၊ သဘာဝရဲ့ရင်သွေးငယ်၊ စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် သီချင်းများ၊ ခြင်္သေ့နှင့်တောဝက်ပုံပြင် စသည်တို့ဖြင့် ကပြဖျော်ဖြေခဲ့သည်။ ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကို ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)လဖြစ်ကြောင်း သိရသည်။

လပွတ္တာခရိုင် ပြန်/ဆက်