မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် အခြေခံ ဂဟေဆက် သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေး ဒီဇင်ဘာ ၂၆

မန္တလေးမြို့တွင် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ သင်တန်းမှရရှိသည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ရန်၊ မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်၊ အခမဲ့ဖွင့်လှစ်ပေးသော သင်တန်းမှရရှိသည့်အတတ်ပညာဖြင့် အသက် မွေးမှု ပြုလုပ်နိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော အခြေခံ ဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးသော သင်ခန်းစာများကို လေ့လာအသုံးချ၍ မိမိရပ်ရွာအကျိုး၊ မိမိ ဒေသအကျိုးမှသည် မိမိတိုင်းပြည်အကျိုးဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ အသိပညာ၊အတတ်ပညာများကို လေ့လာသင်ကြားရုံသာမက လက်တွေ့လုပ်ငန်းခွင် နယ်ပယ်မှရရှိသော အသိပညာ၊ဗဟုသုတများဖြင့် ပေါင်းစပ်လုပ်ကိုင်၍ ဘဝရပ်တည်ရေးအတွက် ခိုင်မာသည့်အသက်မွေးဝမ်းကြောင်း ဖြစ်ပါကြောင်းနှင့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် အသက်မွေးမှုအတတ်ပညာများကို တတ်မြောက် အောင်မြင်ခဲ့ကြသည့်အတွက် ဂုဏ်ယူဝမ်းသာရပါကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တိုင်းဦးစီးမှူးက ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလ(၄)ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)