နတ်မောက် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ငှက်ပျော်ဖက်၊ အင်ဖက်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့မဈေးကြီးအတွင်း/အပြင်၌ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့မဈေးကြီးတွင် လိုက်လံဆောင်ရွက်ခဲ့ရာသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့မဈေးကြီးတွင် ဈေးရောင်းနေသည့် ကုန်စုံဆိုင်များနှင့် ကုန်စိမ်းအရောင်းဆိုင်များတွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံစွဲမှုများလျှော့ချပြီး အခြားထုပ်ပိုးပစ္စည်းများအား စက္ကူ၊ အင်ဖက်နှင့် ငှက်ပျော်ဖက်တို့ကို အစားထိုးသုံးစွဲနိုင်ရေး အသိပညာပေးပြောကြားခြင်းနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း