ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်(၁) ရပ်ကွက်ရှိ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကလေးငယ်များက တာတိုအပြေးပြိုင်ပွဲ၊ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကလေးငယ်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြည်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်မူလတန်းကြိုကျောင်းမှ ကလေးငယ် ၃၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)