ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5) မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်ပို့ချ
Dec 26,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်သင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။