လိပ်သို ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ခရစ္စမတ်ပွဲတော်ကာလတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ အသင်းတော်အသီးသီးတို့က မိမိတို့၏ ဘုရားကျောင်းများ၊ သာသနာဝင်းများတွင် ခရစ္စမတ်ပွဲတော် အထူးဆုတောင်းဝတ်ပြုပွဲများ ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။
ထိုသို့ပြုလုပ်ကျင်းပရာတွင် ဂုဏ်ပြုထိုက်သူများအား ခရစ္စမတ်လက်ဆောင်ပစ္စည်းများ ဂုဏ်ပြုပေးအပ်ခြင်း၊ ခရစ္စမတ်ဓမ္မတေးသီချင်းများ သီဆိုကျူးဧခြင်း၊ ခရစ္စမတ် သတင်းကောင်း အထူးတရားဒေသနာများအား ဝေငှခြင်း၊ လူသားများအားလုံးအတွက် အထူးဆုတောင်းပေးခြင်း၊ ကလေးသူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများပြုလုပ်ပေးခြင်း၊ ခရစ္စမတ်မိတ်ဆုံစားပွဲများ ပြုလုပ်ဧည့်ခံခြင်းတို့ကို အေးချမ်းစွာပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။
ယခုနှစ် ခရစ္စမတ်မှာ တနင်္လာနေ့တွင် ကျရောက်သော်လည်း အချို့သော ခရစ်ယာန်အသင်းတော်များက ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ပြုလုပ်ခဲ့ကြပြီး အချို့အသင်းတော်များက ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)