သတင်းများ

ဘီးလင်းမြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းနေကြာမျိုး‌စေ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Nov 03,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းနေကြာမျိုး‌စေ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအတွင်း၌ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပ
Nov 03,2023
‌မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင် ရပ်ကွက်ကန်ပတ်လမ်းရှိ ကန်တော်ကြီးအတွင်း၌ မန္တလေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၇-၁၁-၂၀၂၃) ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဖြင့် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ် ဒေသခံ‌များစိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံမှ နေ့စဉ်ဝင်ငွေရရှိ
Nov 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံစိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ နှုတ်စွမ်းရည်နှင့် သင်္ချာ (သိမှတ်ဖွယ်ရာ) စွမ်းရည် ရေးဖြေ ပြိုင်ပွဲ ကျင်းပ
Nov 03,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ရေးဖြေ ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ပုလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၅၉၇ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Nov 03,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ်
Nov 03,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သထုံခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြသည်။
မော်လမြိုင်မြို့၌ ဆောင်းသီးနှံသီးညှပ်စိုက်နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Nov 03,2023
မော်လမြိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် တောင်သူများအား ဆောင်းသီးနှံသီးညှပ်စိုက် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကော့ခနိကျေးရွာ၌ ကျင်းပသည်။
ရွှေတောင်မြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Nov 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။