သတင်းများ

စပါးအစေ့ချကိရိယာဖြင့်စိုက်ပျိုးသည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းအား အထွက်နှုန်းသိရှိစေရေး  စံကွက်ရိတ်သိမ်း
Nov 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးမိုးစပါးများ လုပ်အားအင်အားသက်သာစေသောနည်းစနစ်ဖြင့် အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးလျက်ရှိရာ နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀)နာရီက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးအရှေ့ကွင်း၊ ကွင်းအမှတ်(၈၀၂-ခ)၊ ဦးပိုင်အမှတ်-၂/၁၊ တောင်သူဦးဝင်းလှိုင်၏ စပါးအစေ့ချကိရိယာဖြင့် စိုက်ပျိုးသည့်ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းဧက(၂၀)တွင် စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
သာစည်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့်ကျောင်းများ အားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့် လူရွေးချယ်ပွဲများ ပြုလုပ်
Nov 03,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် ၁၈ နှစ်အောက် အခြေခံပညာအဆင့် ကျောင်းများ အားကစားပြိုင်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြို့နယ်အဆင့် လူရွေးချယ်ပွဲများကို ယနေ့ နံနက် ၈ နာရီက စတင်၍ မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ပြုလုပ်ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Nov 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစပါး စိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများအား ချေးငွေညွှန်ကြားချက်၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာအသိပညာပေးခြင်းနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 03,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်း သူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရေး အတွက် ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၃)ရပ်ကွက်၊ သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လူငယ်ရေးရာအသိပညာပေးခြင်းနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပပေးသည်။
ကျောက်ဖြူမြို့ ကောင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Nov 03,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကောင်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကောင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Nov 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၉)နာရီ အချိန်က စတင် ထိုးနှံတိုက်‌ကျွေးပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်
Nov 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ငွေထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ မိခင်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်းပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စက်သုံးဆီအရောင်ဆိုင်များအား မီးဘေးလုံးခြုံရေးနှင့် အချင်အတွယ်မှန်ကန်ရေး ကွင်းဆင်းစစ်ဆေး
Nov 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အချင်အတွယ် မှန်ကန်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့နံနက် (၁၀)နာရီက သက်ဆိုင်ရာဌာနများက စုပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။