ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၇၇)၊ မယားမာန်ကွင်းအတွင်းရှိလယ်မြေ(၁၀)ဧကတွင် ဆိုလာရေတင်စက်ဖြင့် ပဲတီစိမ်းသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများ၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ "အောင်ဟိန်းဇော်"ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွာသာယာ-နွားခြံကုန်း-မြို့မလမ်းကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာကွင်းအမှတ်(၄၄၂)တွင် မေမြို့ပန်း(၆.၅၀)ဧက၊ ပြောင်း(၂)ဧကနှင့် နွေစပါး(၂)ဧက၊ စုစုပေါင်းဧက(၁၀.၅၀)ဧကအား ဆိုလာရေတင်စက်ဖြင့်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ ကျီးသဲတိုက်နယ်ဆေးရုံတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေမတည်ထောက်ပံ့ငွေဖြင့် ဆေးရုံအမိုးဟောင်းများလဲလှယ်ခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်း(၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကျီးသဲတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသလျက်ရှိသော ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံလိုအပ်ချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရွှေတောင်မြို့နယ်၊ ပေါင်းချုပ်ကျေးရွာအုပ်စုရှိ ပေါင်းချုပ်ချောင်းပိတ် ရေမြှင့်တံခါး တည်ဆောက်ခြင်းလုပ်ငန်း(၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ " စိမ်းရောင်စိုကမ္ဘာ "ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွှေတောင်မြို့နယ် ဂွေးတောက်မြောင်ကျေးရွာ(မြေ+မြေနီလမ်း) (၀/၆. ၃၈၉ မိုင် x ၁၂" x ၂"-၉) ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)