ပေါင်းတည် ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေဖြင့် မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေမှ ရွှေတည်(၁)တပင်ရွှေထီး မြေသားလမ်းကို မြေနီလမ်းအဖြစ် ခင်းကျင်းမှုလုပ်ငန်းဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ စတုတ္ထပတ်တွင်အဆင့်မြှင့်တင်ခင်းကျင်းမှု ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေတည်(၁ )မြို့သစ်ရှိ Lot No.(4)(က) တပင်ရွှေထီးလမ်း(B.1)မြေနီလမ်းသည် အရှည် ၅ အဖွဲ့ ၂၄ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိကြောင်း၊ အဖွဲ့ရန်ပုံငွေမှ ငွေကျပ် ၃ ဒဿမ ၉၀၅ သန်းအကုန်ကျခံကာ စံတော်ဝင်ဦးကုမ္ပဏီကို တာဝန်ယူဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)