ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာ၌ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ

ပုသိမ် ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရား ကြီးကုန်းကျေးရွာ ဓမ္မာ့ဗိမာန် ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဖြိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး မိသားစုအပိုဝင်ငွေရရှိစေဘို့ ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးတာ ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပေးသော လူသုံးကုန်ထုတ်လုပ်မှုနည်းများကို စိတ်ပါဝင်စားစွာလေ့လာ သင်ယူပြီး မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းထူထောင်ပြီး အပိုဝင်ငွေရရှိနိုင်ရန်ကြိုးစား သင်ယူကြရန်ပြောကြားသည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်သန်းက ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်း အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။ သင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော် ဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခရင်(မ်)၊ သဘာဝ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာ ခဲ၊ အဝတ်လျှော်မွေးရည်၊ လက်သန့်ဆေးရည်၊ Body Scrub စသည့် လူသုံးကုန် ပစ္စည်း ပြုလုပ်နည်း များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ တစ်ပတ် ကြာ သင်ကြားပေးမည်ဖြစ်ကာ စိတ်ပါဝင်စားသူ သင်တန်းသူ ၁၉ ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

မြင့်ဟန် (ပြန်/ဆက်)