လပွတ္တာမြို့နယ်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားနှင့် ကျန်းမာရေးအသိပညာတိုးပွားစေရန် ရည်ရွယ်၍ လပွတ္တာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှေ့၌ ပြုလုပ်ခဲ့သည်။