သရက်ချောင်းမြို့နယ်တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား၂ ယောက်တွဲ (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

သရက်ချောင်း  ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်‌လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား၂ယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့က စတင်ယှဉ်ပြိုင် ကစားလျက်ရှိသည်။

ပြိုင်ပွဲကို အသင်း(၁၃)သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ကတွဲ(က) အသင်းနှင့် မြို့မ(၂)အသင်း၊ ရငဲအသင်းနှင့် မြို့မ(၁)အသင်းတို့ယှဉ်ပြိုင်ကစားရာ ပထမပွဲစဉ်တွင် မြို့မ(၂)အသင်းက နှစ်ပွဲဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် မြို့မ(၁)အသင်းက နှစ်ပွဲပြတ်ဖြင့် လည်းအနိုင်ရရှိခဲ့ကြောင်းသိရပြီး အဆိုပါ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား ၂ ယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)