ညောင်ဦးမြို့နယ် အာဆီယံကျေးရွာကွန်ယက်ထူထောင်ရေး ASEAN Village Network (AVN) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ညောင်ဦး  ဒီဇင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ASEAN Village Network (AVN)ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ အကြံပြုဆွေးနွေးပွဲကျင်းပခြင်းကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က ASEAN Village Network (AVN)နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားကာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က ASEAN Village Network (AVN)နှင့်ပတ်သက်၍ ဖြည့်စွက်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦးက ASEAN Village Network (AVN) နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်းပြသည်။ ASEAN Village Network (AVN)နှင့် ပတ်သက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

အာဆီယံကျေးရွာကွန်ယက်ထူထောင်ရေး  မြန်မာနိုင်ငံမှ ကျေးရွာသုံးရွာအား စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ခရီး သွားလုပ်ငန်းကျေးရွာအဖြစ် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ၊ ဒီဂျစ်တယ်ကျေးရွာအဖြစ် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာနှင့် ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုးကျေးရွာတို့အား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းပေါခုံကျေးရွာတို့အား ရွေးချယ်၍ အာဆီယံကျေးရွာ ကွန်ယက်ထူထောင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း