ကျောက်ဆည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှိအသင်းမှ ယမန်နေ့နံနက်ပိုင်းက lwin Maung Maung Co,Ltd ရည်ညွှန်းဈေး (၁)ပိဿာ ငွေ(၄၈၁၀)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများကို ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများနှင့် မြစ်သားမြို့၊ ပလိပ်မြို့နယ်ခွဲများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားသုံးဆီရောင်းချခြင်းရာတွင် ကျောက်ဆည်မြို့နယ် ဖောင်ရွာ ရပ်ကွက်ပြည်သူများအတွက် အေးမြကြည်လင်ဈေးတိုက်တန်း အေးချမ်းသူ ဆီအရောင်းဆိုင်မှ စားအုန်းဆီ(၄၄၀)ပိသာကိုလည်းကောင်း၊ ကုန်းသာကျေးရွာနှင့်တံတားဦးကျေးရွာ ပြည်သူများအတွက် အေးမြကြည်လင်ဈေး ပွဲရုံတိုက်တန်း နေလသုခ ဆီအရောင်းဆိုင်မှ စားအုန်းဆီ(၄၄၀)ပိဿာကိုလည်းကောင်း၊ ရွာသစ်ရပ်ကွက် ပြည်သူများ အတွက် အေးမြကြည်လင်ဈေးအရှေ့ဘက်တိုက်တန်း ကြံတိုင်းအောင် ဆီအရောင်းဆိုင်မှ စားအုန်းဆီ (၄၄၀)ပိဿာကိုလည်းကောင်း၊ ပလိပ်မြို့နယ်ခွဲမှ ပြည်သူများအတွက် ဈေးသစ်ရပ်ကွက် ငွေပင်လယ် ဆီအရောင်းဆိုင်မှ စားသုံးဆီ(၄၄၀)ပိဿာကိုလည်းကောင်း၊ မြစ်သားမြို့ပြည်သူများအတွက် ရှမ်းပွဲ ရပ်ကွက်ရှိ ဒေါ်ဇာဆီအရေင်းဆိုင်မှ စာအုန်းဆီ(၄၄၀)ပိဿာ၊ စုစုပေါင်း စားအုန်းဆီ ပိဿာ(၂၂၀၀) ပိဿာအား (၁)ပိဿာလျှင် ငွေ(၅၂၄၃)ကျပ်ဖြင့် ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ရောင်းချပေးခဲ့ကြောင်းနှင့် ပြည်သူများ စားအုန်းဆီအခက်အခဲမရှိစေရေး စားအုန်းဆီများ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)