ကျွန်းစုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျွန်းစု ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် ဝန်ထမ်းများက အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ လက်ကမ်းစာစောင်တွင် ပြည်တွင်းစည်းလုံးညီညွတ် မှုကသာလျှင် အဓိကအကျဆုံးဖြစ် ဆောင်းပါး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက် (၅)ရပ်၊ (၂၀-၁-၁၉၄၆)ရက်နေ့၊ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော အမျိုးသားညီညွတ်ရေး ခေါင်းစဉ်ဖြင့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ စသည့်အကြောင်းအရာပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)