ညောင်ဦး ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ကလေးအလုပ် သမားပပျောက်ရေးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးကာ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်က တပည့်ကျင့်ဝတ်နှင့်ပညာရေး ပညာပေးဟောပြောဆွေးနွေးပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောဆွေးနွေးရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း၊ အသိပညာပေးဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများအား ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များ၊ ကလးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် လွတ်လပ်ရေးနေ့ အကြောင်း သိကောင်းစရာ နံရံကပ်ပြဘုတ်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း