တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီကိုဖွဲ့ စည်းပြီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု National Clean and Green School Award” နှင့်တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု Regional Clean and Green School Award" ချီးမြှင့်ခြင်း အစီအစဉ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းတစ်ရပ်အနေဖြင့်လည်းကောင်း ဆောင်ရွက်ရန်ကန့်သတ်ချက်များ ရှိနေသောကြောင့် သက်ဆိုင်ရာကဏ္ဍအသီးသီးက ဆက်စပ်ပတ်သက်သူများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်ရေးတို့သည် အပြန်အလှန် ချိတ်ဆက်မှီတည်နေသည့်အတွက် ပတ်ဝန်းကျင်နှင့်သယံဇာတထိန်းသိမ်းကာကွယ်ရေးတို့ကို ဦးစားပေးကဏ္ဍအနေဖြင့်လုပ်ဆောင်သွားရန် ကော်မတီအစည်းအဝေးများက ဆွေးနွေးချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်ကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်မင်းအုန်းက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအားရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)