ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပေါက်ခေါင်း ဒီဇင်ဘာ ၂၉

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကျောင်းသားကျောင်းသူများ၊ ပြည်သူများဗဟုသုတရရှိစေရန်ရည်ရွယ်ထုတ်‌ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သည့် ဆောင်းပါး၊ လွတ်လပ်ရေးဆိုသည်မှာ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ် စသည့်အကြောင်းအရာ ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)