လယ်ဝေး ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူသောအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားအုန်းဆီများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းများကိုဒီဇင်ဘာ ၂၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါပင်စင်လစာထုတ်အငြိမ်းစားများမှ ဆေးကုသမှုခံယူသူ ၂၉ ဦးအား လယ်ဝေးမြို့၊ ခုတင်-၁၀၀ ဆေးရုံမှဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်နှင့်ဝန်ထမ်းများက သွေးတိုး၊ ဆီးချိုနှင့် သွားကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်အငြိမ်းစားဝန်ထမ်းများက စားအုန်းဆီ ၁၁၀ ပိသာ၊ ဆန် ၆ ပြည်အိတ် ၅၀ အိတ်နှင့်ဆန်၂၄ပြည်အိတ် ၇ အိတ်၊ စုစုပေါင်း ၅၇ အိတ် ဝယ်ယူရာ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)