တောင်ကြီးမြို့၌ သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း ကော်ဖီပင်စိုက်ပျိုးပြုစုခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်

တောင်ကြီး ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သစ်တောဦးစီးဌာနမှ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization-AFoCO) ရန်ပုံငွေအထောက်အပံ့ဖြင့် သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးမှု ဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ (၄) နှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်း၏အဓိကရည်မှန်းချက်ဖြစ်သော ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးစေရန်နှင့် ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေသော မြေယာစီမံအုပ်ချုပ်ခြင်းနည်းလမ်းဖြင့် စံပြသစ်တောများတည်ထောင်နိုင်ရန် စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ကော်ဖီပင်စိုက်ပျိုးပြုစုခြင်းဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက သင်ခန်းစာများဆက်လက်ပို့ချ ခဲ့ကြောင်းနှင့် သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနနှင့် ရှမ်းပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ နယ်မြေခံတာဝန်ခံများ၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ လွယ်တန့်ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းလုပ်ကိုင်နေသောဒေသခံများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)