ကန်ကြီးထောင့်မြို့နယ်တွင် လူငယ်များ ဗလငါးတန်တိုးပွားစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပါင်း၍ လူငယ်လူရွယ်များ ဗလငါးတန်တိုးပွားစေရန်၊ အသိပညာဗဟုသုတများရရှိစေရန် အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြာပွဲကို ဒီဇင်ဘာလ (၂၈)ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ကန်ကြီးထောင့် မြို့နယ်၊ အ.လ.က မဂူကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။