နမ့်စန်မြို့ အထက-ခွဲ (မြို့ဦး) တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများကို အဟာရတိုက်ကျွေး
Dec 29,2023
ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့် ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့်လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ Sunjin Myanmar Company နှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား အာဟာရပြည့်နွားနို့နှင့် ကြက်ဥတိုက်ကျွေးရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ မြို့ဦးအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ရာ အရှေ့ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ Mဇော်မိုင်နှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။