သတင်းများ

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင် ခင်းကျင်းပြသခြင်းဆောင်ရွက်
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ပြသခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဒေးဒရဲမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများကို အများပြည်သူ သိရှိနားလည် ကျင့်သုံးလာစေရန်၊ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးကို အထောက်အကူ ပြုစေရန် ရည်ရွယ်၍ ဥပဒေနှင့်အညီ ခုခံချေပဖို့ နွမ်းပါးပြည်သူ ကူညီစို့ ခေါင်းစဥ်ပါ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့်ဓာတ်ပုံပြပွဲပြုလုပ်
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသခြင်းတို့ကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
ခမောက်ကြီးမြို့တွင်(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်
Dec 29,2023
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အမြို့မြို့အနယ်နယ်၌  လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် လျက်ရှိရာယနေ့တွင် ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြသည်။
သနပ်ပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(မိုးခိုင်ကြီး)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံ‌စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မိုးခိုင်ကြီး(ထခွဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လာရောက် ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်၊ ကွန်ကရစ်လမ်းသစ်ဖွင့်တက်ရောက်
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လာရောက် ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
သာစည်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Dec 29,2023
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။