ကလိန်အောင် ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ပြသခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ကျောင်းသား၊ ကျောင်းသူများအအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန် ၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှ ရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှု ရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမို တိုးပွားလာစေရန်စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့သည်။
အဆိုပါ ပြပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ခင်းကျင်း ပြသထားသော စာအုပ်စာစောင် သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)