သတင်းများ

ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျိုက်လတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်တိုးမြင့်ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ ကျိုက်လတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စ၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် နွေစပါးတိုက်ရိုက်မျိုး‌စေ့ချစိုက်ပျိုးပွဲနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတောင်တန်း လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကွင်းအမှတ်(၆၂၆)၊ ဦးပိုင်အမှတ် (၅၃/၃)ရှိ တောင်သူ ဦးဖြိုးဝင်လှိုင်၏ လယ်‌‌မြေ (၆)ဧကတွင် နွေစပါးတိုက်ရိုက်မျိုး‌စေ့ချ တိုက်ရိုက်စိုက်ပျိုးပွဲပြုကို ယမန်‌နေ့ ညနေပိုင်းက ပြုလုပ်ရာ ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပခန်း‌ရွှေဝါ နွေစပါးမျိုးစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့‌နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အင်္ဂပူမြို့၊ အမှတ်(၂)ရပ်ကွက် ရွှေတောင်တန်းလမ်းတွင် ပြုလုပ်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရွှေတောင်တန်းလမ်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။
ဟုမ္မလင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ယမန်နံနက် (၉)နာရီခွဲအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ (၇၉) ကြိမ်မြောက် မဟာဒုက် ဘုရားပွဲတော်ကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၈ ဖြတ်လမ်းရှိ ညောင်ငူ ပရိယတ္တိ စာသင်တိုက်အတွင်းတွင် (၇၉)ကြိမ်မြောက် မဟာဒုက်ဘုရားကို တစ်နှစ်တာ ပင့်ဆောင်၍ အပူဇော် ခံခွင့်ရရှိမည့် ဘုရားဒါယကာ၊ ဒါယိကာမ ရွေးချယ်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက စတင် ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် (၇၄)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ဒီဇင်ဘာ (၂၇) ရက် နေ့လယ် (၁)နာရီအချိန်၌ (၇၄)ကြိမ် မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
မိုးကောင်းဒေသစိတ် အခြေခံပညာမူလတန်းအဆင့် အသက်(၁၃)နှစ်အောက် ကျောင်းသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 29,2023
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မိုးကောင်းဒေသစိတ် အခြေခံပညာမူလတန်းအဆင့် အသက် (၁၃)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ(၂၇)ရက် နေ့လယ်(၂)နာရီတွင် ဖွင့်ပွဲ ကျင်းပခဲ့သည်။
အရာတော်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆန်၊ ဆီများ ထောက်ပံ့
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အရာတော်မြို့နယ်၌ မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူကြသည့် နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများကို ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီကစ၍ ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ နေ့စဥ် စားသောက်​နေထိုင်​ရေး အ​ထောက်အကူပြု​စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆန်နှင့်ဆီများကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်အရှေ့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။