အင်္ဂပူမြို့နယ်တွင် နွေစပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးပွဲနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတောင်တန်း လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကွင်းအမှတ်(၆၂၆)၊ ဦးပိုင်အမှတ် (၅၃/၃)ရှိ တောင်သူ ဦးဖြိုးဝင်လှိုင်၏ လယ်မြေ (၆)ဧကတွင် နွေစပါးတိုက်ရိုက်မျိုးစေ့ချ တိုက်ရိုက်စိုက်ပျိုးပွဲပြုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပခန်းရွှေဝါ နွေစပါးမျိုးစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အင်္ဂပူမြို့၊ အမှတ်(၂)ရပ်ကွက် ရွှေတောင်တန်းလမ်းတွင် ပြုလုပ်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရွှေတောင်တန်းလမ်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။