ဒေးဒရဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဒေးဒရဲမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများကို အများပြည်သူ သိရှိနားလည် ကျင့်သုံးလာစေရန်၊ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးကို အထောက်အကူ ပြုစေရန် ရည်ရွယ်၍ ဥပဒေနှင့်အညီ ခုခံချေပဖို့ နွမ်းပါးပြည်သူ ကူညီစို့ ခေါင်းစဥ်ပါ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ဧရာဝတီတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်သည့် လုပ်ငန်းများ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းလမ်းများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့များ၏ ဆက်သွယ်အကူအညီတောင်ခံနိုင်သည့် လိပ်စာများပါ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်ခြင်းများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူအား ဥပဒေဆိုင်ရာ ဗဟုသုတတိုးပွားစေရန် အသိပညာပေးခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများကို လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု၊ အသက်အရွယ်၊ ကျား၊ မ မခွဲခြားဘဲ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးသည့်စနစ်နှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များကို ပြည်သူများသိရှိစေရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အေဇာလင်း