ကလိန်အောင်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့်ဓာတ်ပုံပြပွဲပြုလုပ်

ကလိန်အောင် ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသခြင်းတို့ကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ‌ နေ့ထူးနေ့မြတ်များအကြောင်းကိုသိရှိစေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ ခေတ်အဆက်ဆက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေးဆွေးနွေဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့လွတ်လပ်ရေး‌ ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ လွတ်လပ်နေ့ ဖြစ်‌ပေါ်လာပုံနှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာဗဟုသုတများအဖြစ် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါးဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)