ခမောက်ကြီးမြို့တွင်(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်

ခမောက်ကြီး ဒီဇင်ဘာ ၂၉

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အမြို့မြို့အနယ်နယ်၌  လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် လျက်ရှိရာယနေ့တွင် ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြသည်။

အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အား ကစားပြိုင်ပွဲများကို  ကျောင်းသား/သူများအား ယှဉ်ပြိုင်ကစားစေခြင်းဖြင့်  စာသင်အရွယ်ကလေးများ စိတ်ရွင်လန်းတက်ကြွလာစေခြင်း၊ ကိုယ်ကာယကျန်းမာသန်စွမ်းစေခြင်း၊ အနိုင်အရှုံးကို ပဓာနမထားယှဉ်ပြိုင်ခြင်းသည် အဓိကဆိုသည့် အားကစားစိတ်ဓာတ်များရှင်သန်လာစေခြင်းနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို မျက်ဝါးထင်ထင် ခံစားတတ်စေခြင်း စသည့် ရည်ရွယ်ချက်ကောင်းတို့ဖြင့် အခြေခံပညာကျောင်းများတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)