ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျိုက်လတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ကျိုက်လတ် ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်တိုးမြင့်ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ ကျိုက်လတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စ၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၉နာရီက ပန်းပဲစု ကျေးရွာအုပ်စု၊ အခြံချောင်း‌ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ရိတ်သိမ်းပွဲသို့ ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ခရိုင်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ အခြံချောင်း‌ကျေးရွာနေ တောင်သူ ဦး‌ကျော်မိုး၏ ကွင်းအမှတ်(၁၁၈)၊ ဦးပိုင် အမှတ်(၂၇/၇)၊ ဧရိယာ(၂.၀၀)ဧကရှိ ၂၀၂၃ -၂၀၂၄ ခုနှစ်၊ နွေစပါး Drum seeder မျိုးစေ့ချ စံပြ စိုက်ခင်းသို့လည်းကောင်း၊ လတာကြီးကျေးရွာအုပ်စု၊ ကျိုက်လတ်-မအူပင် လမ်းဘေးဝဲယာ၌ (၂၃-၈-၂၀၂၃) ရက်နေ့တွင် စိုက်ပျိုးထားရှိသည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်း (၀.၅၀) ဧက ရိတ်သိမ်းနေမှု အခြေအနေများအား လည်းကောင်း၊ လတာကြီးကျေးရွာ၊ တောင်သူ ဦးသန်းဌေး၏ ကွင်းအမှတ်(၇၂)၊ ဦးပိုင် အမှတ်(၁/၁)၊ ဧရိယာ(၉.၀၀)ဧကအား နယူးဧရာမျိုး ပျိုးထောင် စိုက်ပျိုးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး တောင်သူများအား နွေစပါး၊ ပိုက်ဆံလျှော်၊ နေကြာစိုက်ပျိုးမှုများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်