အင်္ဂပူမြို့နယ်တွင် နွေစပါးတိုက်ရိုက်မျိုး‌စေ့ချစိုက်ပျိုးပွဲနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတောင်တန်း လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

အင်္ဂပူ ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကွင်းအမှတ်(၆၂၆)၊ ဦးပိုင်အမှတ် (၅၃/၃)ရှိ တောင်သူ ဦးဖြိုးဝင်လှိုင်၏ လယ်‌‌မြေ (၆)ဧကတွင် နွေစပါးတိုက်ရိုက်မျိုး‌စေ့ချ တိုက်ရိုက်စိုက်ပျိုးပွဲပြုကို ယမန်‌နေ့ ညနေပိုင်းက ပြုလုပ်ရာ ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပခန်း‌ရွှေဝါ နွေစပါးမျိုးစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့‌နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အင်္ဂပူမြို့၊ အမှတ်(၂)ရပ်ကွက် ရွှေတောင်တန်းလမ်းတွင် ပြုလုပ်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရွှေတောင်တန်းလမ်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ကွန်ကရစ်လမ်းသစ်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အထိမ်းမှတ်လက်‌ဆောင်အား ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ‌ဦးအောင်ကျော်စိုးမှလည်ကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ထံသို့ မြို့နယ်စည်ပင်‌ကော်မတီဥက္ကဋ္ဌ ဦးမောင်ဝင်းကလည်းကောင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်ထံသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးအောင်တို့က အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးအဖွဲ့ဝင် ဝန်ကြီးများမှ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေတောင်တန်းလမ်း ကွန်ကရစ်ခင်းခြင်း လမ်းအရှည်(၇၅၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၆) လက်မရှိ လုပ်ငန်းအား အင်္ဂပူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူပြီး ကုန်ကျငွေကျပ် (၂၆.၆၅၀) သန်းဖြင့်ပြုလုပ်ခဲ့ ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)